ခုခံတွန်းလှန်ခြင်း
၂၀၂၂ ခုနှစ် မတ်လ ၈ရက် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM), ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) နှင့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma) တို့မှ “ခုခံတွန်းလှန်ခြင်း”- “စစ်အာဏာ သိမ်းပြီးချိန်မှ စ၍ တနှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု” ဆိုသည့် ပူးတွဲစာတန်းကို ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှဆိုလျှင် ၁၃ လတာကြာမြင့်ပြီးနောက် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စစ်အာဏာ ရှင်များမှ အလျှင်အမြန် လုယူလိုက်ကြသည်။ မြန်မာစစ်တပ်မှ အတင်း အဓမ္မထောင်နှင့်ချီဖမ်းဆီးမှုနှင့် ရာနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အမျိုးသမီးများ လည်း ပါဝင်ကြသည်။ ပြည်သူလူထု၏ ဘဝလုံခြုံစိတ်ချ […]
