ညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ကူညီထောက်ပံ့ ရေးအတွက် အိတ်ဖွင့်ပေးစာပေးပို့ခြင်း။
အိတ်ဖွင့်ပေးစာ ရက်စွဲ ။ ။ ၂၆၊ ၆၊၂၀၂၀ သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။ အကြောင်းအရာ။ ။ ညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ကူညီထောက်ပံ့ ရေးအတွက် အိတ်ဖွင့်ပေးစာပေးပို့ခြင်း။ (၁) ညှဉ်းပန်းနှိပ်စက်မှုကင်းစင်ရေးနှင့် ညှဉ်းပန်းနှိပ်စက်ခံလူသားများ၏ တရားမျှတမှု၊ ပြန်လည် ကုစားခွင့်နှင့် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အောင် အောင်မြင်မြင် ဖော်ဆောင်မှုအတွက် အဓိကကျသော အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေသည်ကို မိမိတို့ လက်ခံယုံကြည်ပါ သည်။ (၂) ညှဉ်းပန်းနှိပ်စက်မှုဟုဆိုရာ၌ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု အဖြစ်ရှိရာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ်(၅)တွင် မည်သူ့ကိုမှ ညှဉ်းပန်းနှိပ် စက်ခြင်း၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုဖြင့် မဆက်ဆံရ၊ […]